မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြားအသုံးဆောင်ပစ္စည်းများထောက်ပံ့လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြားအသုံးဆောင်ပစ္စည်းများထောက်ပံ့လှူဒါန်းပွဲ ကျင်းပ


MNP ၊  ဩဂုတ်   ၁၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အိမ်ထောင်စုဇယားပေါက်သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ဆားစသည့် အခြားအသုံးဆောင်ပစ္စည်းများနှင့် ငွေသားများ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။


‌ရှေးဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက  ရပ်ကွက်နေပြည်သူများအား စားဝတ်‌နေရေးအခက်အခဲမရှိ အဆင်ပြေနိုင်စေရန် ရည်ရွယ်၍ ထောက်ပံ့လှူဒါန်းပေးရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး ဆင်းရဲချို့တဲ့သည့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူ  အိမ်ထောင်စု (၃၆)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)သား၊ ကြက်ဥ (၁၄)လုံး၊ ကြက်သွန်နီ(၅၀)သား၊ အိုင်အိုဒင်းဆား (၁)ထုပ်နှင့်ငွေ ၅၀၀၀ ကျပ်တို့ကို ဒုတိယအကြိမ်အဖြစ် ထောက်ပံ့လှူဒါန်းပြီး လစဉ်အိမ်ထောင်စုအလှည့်ကျပေးအပ် ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်ဦးထွန်းထွန်းဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြောင်း သိရသည်။


ရွှေတိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)