မင်းပြားမြို့၌ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ




MNP ၊  ဩဂုတ်  ၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီးအဆိုပါသင်တန်းကျောင်း၌ သြဂုတ် ၁ ရက်နေ့ကလူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သောင်းရွှေက လူငယ်စကားကို ကျင်းပရခြင်းရည်ရွယ် ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)ကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးနှင့် မင်းပြားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိတို့က လူငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင် ဆွေးနွေးကြသည်။


ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မင်းပြား)တွင်Grade  11 သို့ တက်ရောက်နေသည့်ကျောင်းသူ မအေးမြဝေနှင့် မဖြိုးစုဝေ တို့ကပညာခေတ်တွင် ပညာ၏ အရေးပါပုံIပညာရေးနှင့် အနာဂတ်လူငယ်များ၏ ဘဝတက်လမ်း၊ယနေ့လူငယ်များ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းနှင့် လူငယ်များ၏ ရည်မှန်း ချက်ပန်းတိုင်အကြောင်းအရာများကို လည်းကောင်း Grade 8 တွင်ပညာသင်ကြားနေသည့် မောင်ရှိန်းထက်အောင်နှင့် Grade 10 တွင် ပညာသင်ကြားနေသည့် မောင်မောင်ဇော်သိန်းတို့က လူငယ်များကျန်းမာရေး ကြံ့ခိုင်မှုကြောင့်ရရှိလာသော အကျိုးကျေးဇူးများ၊ အားကစားလုပ်ခြင်းကြောင့် ပညာသင်ကြားမှုတွင် အထောက်အကူပြုပုံများကို လူငယ်စကားဝိုင်းတွင် အသီးသီးပါဝင်ဆွေးနွေးကြပြီး တက်ရောက် လာသည့်ကျောင်းသားကျောင်းသူများက သိလိုသည်များကိုမေးမြန်းဆွေးနွေးကြကြောင်းသိရသည်။


သိန်းနုအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)