ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဘေးသင့်မြို့နယ်များသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောများဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဘေးသင့်မြို့နယ်များသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောများဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ



MNP ၊  ဩဂုတ်  ၂၈

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများကို မေလ ၂၃ ရက်နေ့မှ ဩဂုတ်လ ၂၈ ရက်နေ့ထိ တန်ချိန် (၇၅၁ ၉ဒဿမ ၅၂)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။


ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြစ်သော ကုလားတန်(၁၊၂၊၃၊၄၊၅၊၆) ရေယာဉ်များဖြင့် မုန်တိုင်းသင့်ဒေသများဖြစ်ကြသော ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များသို့ စားနပ်ရိက္ခာများ၊ ထောက်ပံ့ရေးကုန်ပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများအား ပို့ဆောင်ပေးလျက်ရှိသည်။


အဆိုပါကုလားတန်သင်္ဘောများသည် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေဘေးသင့်ဒေသများ သို့ပို့ဆောင်ပေးခဲ့ရာတွင် ခေါက်ရေ ၃၁ ခေါက်ဖြစ်ပြီး ယနေ့ထိ ဆန်အိတ် (၁၁၂၆၅၂)အိတ်၊ နှံကောက် စပါးမျိုးစေ့အိတ် (၄၀၆၄၃)အိတ်၊ အသင့်စားကုန်အမယ်ပေါင်း (၃၄၇၆၅)မယ်၊ ဆောက်လုပ် ရေးပစ္စည်း အမယ်ပေါင်း (၁၈၆၈၆)မယ်၊ သစ်တန်ချိန် (၂၃၈)တန်၊ ရေသန့် (၁၀၀၈၉၀၀၀)လီတာ စုစုပေါင်းကုန်တန်ချိန် ၇၅၁၉ ဒသမ ၅၂ တန်အား လေဘေးသင့်ဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာန၊ ရခိုင်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ထူးအောင် ထံမှသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)