နတ်မောက်မြို့ စိုက်ပျိုးရေးတောင်သူများ ပဲတီစိမ်းများ ရင့်မှည့်လာပြီဖြစ်၍ ဈေးကောင်းရရန် မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ စိုက်ပျိုးရေးတောင်သူများ ပဲတီစိမ်းများ ရင့်မှည့်လာပြီဖြစ်၍ ဈေးကောင်းရရန် မျှော်လင့်


MNP ၊  ဩဂုတ်  ၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးဦးကာလ ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ရင့်မှည့်လာပြီဖြစ်၍ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့ငယ်ငယ်ကတော့ စိုက်ပျိုးရေးနည်းစနစ်တွေက ခေတ်မီမှုမရှိသေးတော့ မိရိုးဖလာ ပဲနောက်မျိုးကိုပဲ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ နှစ်တွေကြာလာတော့ နည်းပညာအပြောင်းအလဲကြောင့် သီးနှံမျိုးကွဲသစ်များ ပေါ်ပေါက်လာတယ်လေ။ ဒါကြောင့် အခုကျွန်တော်တို့က ပဲနောက်စေ့ထက်သက်တမ်းတိုပြီး အထွက်နှုန်းကောင်းတဲ့ ရေဆင်း-၁၄ ပဲတီစိမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရတာပါ၊ ပဲနောက်ဆိုတာက အစေ့သေးသေးလေးတွေပါ၊ ပဲတီစိမ်းကတော့ အတောင့်လည်းကြီး အစေ့လည်းကြီးတယ်၊ ပိဿချိန်နဲ့ဆိုရင် ပဲနောက်စေ့က အချိန်စီးပြီး ပဲတီစိမ်းက ဝိတ်ချိန် သိပ်မစီးဘူး၊ အခုကျနော်စိုက်ပျိုးတဲ့ ပဲတီစိမ်းက ရေဆင်း-၁၄ မျိုးပါ၊ သက်တမ်းက ရက်ပေါင်း (၅၀)ရှိပြီဖြစ်တဲ့အတွက် ပဲတီစိမ်းများ ရင့်မှည့်နေပါပြီ၊ ယခင်နှစ်ကတော့ ပဲတီစိမ်းတစ်ပိဿာကို (၂၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် ယခုနှစ်မှာလည်း ဈေးကောင်းရချင်ပါတယ်”ဟု ဂွေးချိုကျေးရွာမှ ကိုစိုးမင်းက ပြောသည်။


နတ်မောက်မြို့နယ်ရှိ တောင်သူများသည် ယခင်နှစ်များက မိုးနှောင်းကာလတွင်သာ စိုက်ပျိုးကြပြီး ယခုအခါ မိုးဦးကာများ၌ စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)