မအီမြို့၌ သံဃာတော်(၇၆)ပါးတို့အား ဒုတိယဝါဆိုလကွယ် ဥပုသ်နေ့ အရုဏ်ဆွမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ သံဃာတော်(၇၆)ပါးတို့အား ဒုတိယဝါဆိုလကွယ် ဥပုသ်နေ့ အရုဏ်ဆွမ်းလောင်းလှူ






MNP ၊  ဩဂုတ်  ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ဒုတိယဝါဆိုလကွယ်နေ့ ယမန်နေ့ နံနက်အရုဏ်တက်ချိန်က မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်<--->မအီလမ်းမ၊ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။


ဒုတိယဝါဆိုလကွယ်နေ့ အရုဏ်ဆွမ်းလောင်းလှူခြင်းကို မအီမြို့၊ အမှတ်(၃)ရပ်ကွက်မှ အလှူရှင် ဦးမောင်အေးသောင်း ဇနီးဒေါ်ဌေးဌေးရီ မိသားစုတို့က ကုသိုလ်ပြု လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုသို့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အရုဏ်ဆွမ်းလောင်းအသင်း(မအီ)မှ ဦးဆောင်ကြီးမှူး၍ ဝါတွင်းကာလ ဥပုသ်နေ့တိုင်းတွင် မအီမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း(၂၂)ကျောင်းမှ သံဃာတော်အပါး(၇၆)ပါးတို့အား  လောင်းလှူသွားမည်ဖြစ်ကြောင်း၊ ဆွမ်းချက်ရန်နှင့် အခြားကိစ္စရပ်များအတွက် မတည်ငွေကို ဆွမ်းလောင်းအသင်းသူ/အသင်းသားများက ထည့်ဝင်မတည်ငွေနှင့် ယခင်နှစ်က လက်ကျန်ရန်ပုံငွေများ၊ အလှူခံရရှိငွေများဖြင့် အသုံးပြုဆောင်ရွက်ပါကြောင်း၊ ယခင်နှစ်က အရုဏ်ဆွမ်းအလှူရှင်များကို ကျပ်(၂၅၀၀၀၀) ဖြင့် သတ်မှတ်အလှူထည့်ဝင်ခိုင်းသော်လည်း ယခုနှစ်တွင် ကျပ်(၃၀၀၀၀၀)နှုန်းဖြင့် သတ်မှတ်ထားပါကြောင်း၊ ဥပုသ်နေ့ရောက်ရှိလာတိုင်းလည်း စေတနာရှင်အလှူရှင်များက လိုအပ်သည်များကို ကဏ္ဍအလိုက် လာရောက်လှူဒါန်းကြသည်ဖြစ်၍ အရုဏ်ဆွမ်းကို  လုံလောက်ပြည့်စုံစွာ လောင်းလှူနိုင်ပါကြောင်း၊ အရုဏ်ဆွမ်းလောင်းအသင်း(မအီ)အနေဖြင့် ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက် ကုသိုလ်ပြုလောင်းလှူခြင်း ဖြစ်ပါကြောင်းတို့ကို အဆိုပါ ဆွမ်းလောင်းအသင်းကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားသည်။


ဖော်ပြပါ ဆွမ်းဟင်းများကို ယမန်နေ့(အဖိတ်နေ့)မှစတင်၍ ဆွမ်းလောင်းအသင်းလူငယ်များက ဟင်းလျာများဝယ်ယူစုဆောင်း ပြင်ဆင်ထားရှိပြီး နံနက်အရုဏ်တက်ချိန်တွင် ကိုယ်တိုင်ချက်ပြုတ်လောင်းလှူခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆွမ်းခံမကြွရောက်နိုင်သော ဆွမ်းလောင်းအသင်းမဏ္ဍပ်နှင့် ဝေးလံသည့်ဘုန်းတော်ကြီးကျောင်းများကို အဆိုပါလူငယ်များကိုယ်တိုင် သွားရောက်ပို့ဆောင် ကပ်လှူခဲ့ကြကြောင်းနှင့် နောက်လာမည့် ဝါခေါင်လဆန်း(၈)ရက် ဥပုသ်နေ့ အရုဏ်ဆွမ်းကို ကိုနေမင်းလှိုင်(ခေတ္တ မလေးရှား)က မြတ်သောဒါနအဖြစ် ကုသိုလ်ပြု တာဝန်ယူလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)