ရပ်စောက်မြို့နယ် လက်ပံပင်ကျေးရွာတွင် လူသုံးကုန်ဆပ်ပြာ ထုတ်လုပ်နည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ် လက်ပံပင်ကျေးရွာတွင် လူသုံးကုန်ဆပ်ပြာ ထုတ်လုပ်နည်းပညာသင်တန်းဖွင့်လှစ်



MNP ၊  ဩဂုတ်   ၃

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ရပ်စောက်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ လူသုံးကုန် ဆပ်ပြာထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်တောကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါ်ခိုင်ခိုင်သိန်းက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းပေးခြင်း သာမဟုတ်ပဲ လိုအပ်သည့် နည်းပညာများကိုလည်း ဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဌာနအနေဖြင့် လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်၊ လက်မှုပညာ၊ ဝါးလက်မှုပညာ၊ တစ်လုံးထိုး၊ ဆိုင်ကယ်ပြင်ဆင်နည်း စသည့်သင်တန်းများကိုဖွင့်လှစ်ဆောင် ရွက်လျက်ရှိကြောင်း အမှာစကားပြောသည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ တောင်ကြီးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်ခင်ထားသူက ယခုသင်တန်းတွင် လူတိုင်း  အိမ်တိုင်းတွင် မနက်မှ ညအထိ အသုံးပြုနေသည့် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ မှန်ကြည်ဆေး၊ Body Spray၊ Hand Spray စသည်တို့အပြင် ဆပ်ပြာအမျိုးပေါင်း ၁၂ မျိုးကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် တနိုင်တပိုင် စီးပွားရေးဖြစ်ထွန်း နိုင်စေမည် ဖြစ်ကြောင်းပြောသည်။


ထို့နောက် ဒုပြည်နယ်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က သင်တန်းအတွက်လိုအပ်မည့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများ မှလက်ခံရယူခဲ့ကြပြီး ကျေးရွာမှပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး ဖြင့် သင်တန်းကာလ(၁)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ဆုမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)