ကဝမြို့နယ်၌ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်၌ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ


MNP ၊  ဩဂုတ်  ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကဝမြို့နယ် လူမှုဂရုဏာနာရေးကူညီမှုအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်မိုးက အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်စိုးက ရေဘေးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းသူက ရေဘေးအန္တရာယ်ဖြစ်စဉ်နှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုဂရုဏာနာရေးကူညီမှုအသင်းမှ အသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)