ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုမှ ပြည်သူ (၂၀၀) ဦးအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုမှ ပြည်သူ (၂၀၀) ဦးအား ဇီဝဆိုင်ရာအချက်အလက် ကောက်ယူ


MNP ၊  ဩဂုတ်  ၂၉

လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကျည်တောင်ကျေးရွာအုပ်စုမှ ပြည်သူ (၂၀၀) ဦးအား အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်လျက် ရှိသည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် (Unique ID) ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက်ရန် မြို့နယ်အတွင်းရှိ ပြည်သူများအား အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ကျည်တောင်ကျေးရွာအုပ်စုမှ ပြည်သူ (၂၀၀) ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။


နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ထုတ်ပေးခြင်းဖြင့် e-Goverment Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်တာကြောင့် ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်နှင့် ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)