ပင်လောင်းမြို့၌ လူကုန်ကူးမှုဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့၌ လူကုန်ကူးမှုဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်





MNP ၊  ဩဂုတ်  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာတားဆီးကာကွယ်ရေးနှင့် ဆယ်ကျော်သက်များ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးနှင့်ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ဆယ်ကျော်သက်များ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာများနှင့်ပတ်သက်၍ ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေးအခြေအနေများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များမှ အာဟာရပြည့်ဝသည့် အစားအစာများမျှတစွာ စားသုံးပေးခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ်မှူး ဒုတိယရဲမှူးဝင်းနိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးမှုဖြစ်စဉ်များမှ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်နိုင်ရေး အကြောင်းများကိုလည်းကောင်း ဟောပြောခဲ့ကြသည်။


အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြကြောင်း ​သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)