တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ




MNP ၊  ဩဂုတ်  ၁၇

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှ စတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ဗန်းမော်သိန်းဖေ၏ " မျှဝေလိုသောအတွေးများ-၄" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ   မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များ ဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက အတွေးများကို စီမံခန့်ခွဲခြင်း၊ နှစ်ကြာရင်သင်ဘာဖြစ်မလဲ၊ စာဖတ်ဖို့စောစောအိပ်ရာဝင်ပါ၊ ပန်းခြောက် လေးတစ်ပွင့်စသည့်  စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး  မိမိတို့ နားလည် သဘောပေါက်သည်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် စာရေးဆရာများဖြစ်ကြသည့်  ဦးအောင်သက် (တောင်တွင်းအောင်သက်ဦး)၊ ဦးတင်ထွန်းနိုင် (အိမ့်ဒီဝဏ်)၊ ဦးသူရိန်မျိုးမင်း (နေပန်ဦး)၊ လောကအလင်းစာကြည့်တိုက်မှူး ဦးနိုင်ဦး နှင့်‌ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှုခြင်းသည် ကျောင်းပညာ ရေးကိုလည်း အထောက်အကူ ဖြစ်စေပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကို ရရှိစေပြီး လုပ်ငန်းခွင်အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်‌‌ရောက်လာသည့် အမှတ်(၉၀) အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ ကျောင်းသား/ ကျောင်းသူများက မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)