ရမ်းဗြဲမြို့၌ စစ်ကြောင်း (၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ စစ်ကြောင်း (၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုပေး





MNP ၊  ဩဂုတ်  ၁၈

  ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့်  ပူးပေါင်းအဖွဲ့သည် ယနေ့‌ နံနက်(၁၀)နာရီအချိန်က  ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သာစည်ပြင်ကျေးရွာအုပ်စု တရောင်းကျေးရွာ  ဘုန်းတော်ကြီးကျောင်းသို့  ကွင်းဆင်းပြီး  ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။


ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စ စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်​  ​လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားသည်။ 


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဝင်းက တောင်သူများအား စပါးအထွက်တိုးရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစံမင်းက မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါနှင့် ဝမ်းပျက်/ဝမ်းလျောရောဂါ ဆောင်ရန်/ရှောင်ရန်အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။ဆက်လက်ပြီး စစ်ကြောင်း(၅)ကြောင်း ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်း   နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့​သည်။ ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူးဒေါ်ခင်လင်းရွှေက ကျေးရွာသူ ကျေးရွာသားများအား တိုင်းရင်းဆေးအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး  တက်ရောက်လာသူများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊လေထိုး/လေအောင့်၊ဒူးနာ၊ခါးနာ၊ သွေးအားနည်း၊အိပ်မပျော်၊ ထုံကျဥ်၊ ကိုက်ခဲ၊ အဆစ်ရောင် စသည့် ရောဂါဝေဒနာ ခံစားနေရသူများအား သောက်ဆေး၊လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးခဲ့​သည်။ ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် တရောင်းကျေးရွာအနီးရှိ စံပြမိုးစပါးစိုက်ခင်းအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)