MNP ၊ ဩဂုတ် ၁၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သော ဘုန်းတော်ကြီး ကျောင်းများအား ပြန်လည်တည်ဆောက်နေမှု အခြေအနေများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ၄ မိုင်ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီးကျောင်းအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်သာသနာ့ရေးမှူး ဦးကျော်ဇင်ဦး ၊ မြို့နယ်စည် ပင် သာ ယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်အေးသိန်း နှင့် တာဝန်ရှိသူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီး ခဲ့သော ၄မိုင်ရပ်ကွက်ရှိ သန္တိသုခဘုန်းတော်ကြီး ကျောင်းအား ပြန်လည်တည်ဆောက်ပေးနေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးတာဝန်ခံ စည်ပင်အင်ဂျင်နီယာက တည်ဆောက်နေမှုအခြေအနေများ နှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီး သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မှီစွာဖြင့် အချိန်မှီပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များအား လမ်းညွန်မှာကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment