ရခိုင်ပြည်နယ် မောင်တောမြို့၌ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





MNP ၊  ဩဂုတ်  ၂၄

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင် အထွေထွေ အုပ် ချုပ် ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက အမှာစကားပြောကြားရာတွင် (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ နှင့် ရပ်ကွက်/ကျေးရွာများရှိ ဝါသနာရှင်ပြည်သူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောက်ရွက်ကြရန် နှင့်  ဝိုင်းဝန်း ပူး ပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ၊ ခရိုင်အဆင့်ဖြစ်သဖြင့် အဆို ၊ အက ၊အရေး ၊အတီး ပြိုင်ပွဲကို အောင်မြင် စွာ ကျင်းပ နိုင်ရေး လုပ်ငန်းစီမံချက်များ၊ ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် အရည်အသွေးပြည့်မှီစွာဖြင့် ခရိုင်ကိုယ်စားပြု ယှဉ်ပြိုင် နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက  အနီးကပ်ကြီးကြပ်ပံ့ပိုးဆောင်ရွက်ရမည့်ဖြစ်ပြီး ပြိုင်ပွဲ နှင့် ပတ်သက်၍ လိုအပ် သည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသည့် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့ နောက် မောင်တောမြို့နယ် နှင့် ဘူသီးတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက  မိမိတို့မြို့နယ်များအလိုက် (၂၄) ကြိမ် မြောက် ခရိုင်အဆင့် အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်မည့် အခြေအနေများ ၊ အခြေခံပညာကျောင်း များမှ ပြိုင်ပွဲဝင် စာရင်းပေးသွင်းထားမှု  အခြေအနေများ ၊ ယခင် နှစ် များတွင် ဆောင်ရွက်ခဲ့မှု နှင့် ယခုနှစ်တွင် ဆောင်ရွက်မည့် အခြေ အနေ များ ရှင်းလင်းပြောကြားခဲ့ကြပြီး တက် ရောက် လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲတွင် ဆောင်ရွက်မည့် အစီ အစဉ်များအား အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ လိုအပ် သည် များကို ပေါင်းစပ် ညှိနှိုင်း ဆောင် ရွက်ပေးခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မောင်တော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ဘူးသီးတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ခရိုင်/မြို့နယ်ပညာရေးမှူး များ ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)