မင်းလှမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း(၁၀၂)ဧကစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း(၁၀၂)ဧကစိုက်ပျိုးပြီးစီး



MNP ၊  ဩဂုတ်  ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၇)ထွန်စက်စခန်းမှ ကျေးရွာပြည်သူ(တောင်သူ)များ၏ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် လယ်ယာလုပ်သားရှားပါးမှုကို ကူညီဖြေရှင်းပေးသည့်အနေဖြင့် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်လဆန်းပိုင်းမှ ယနေ့အထိ စိုက်ပျိုးပေးခဲ့ရာ  ၁၀၂ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။


ထိုသို့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ၊ စိုက်ပျိုးမှု ကုန်ကျစရိတ်များ၊ လယ်ယာလုပ်သားရှားပါးမှုနှင့်အချိန်ကုန်သက်သာခြင်းများကို ဖြေရှင်းနိုင်ပြီး အချိန်ပြည့်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ပင်ကြားတန်းကြားညီညာခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ပင်ပွားနှုန်းကောင်းမွန်ခြင်း၊ အထွက်နှုန်းများလည်းကောင်းမွန်လာနိုင်ခြင်းများကြောင့် လယ်ယာကဏ္ဍတွင်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်အောင်ခန့်ထံမှသိရသည်။


မင်းလှမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို သရက်တပင်ကျေးရွာ၊ လက်ဆက် ကျေးရွာ၊ ရွှေစံပြည့်ကျေးရွာ၊ပေပင်တန်းကျေးရွာတို့ရှိတောင်သူများ၏ မိုးစပါးစိုက်ပျိုး ၁၀၂ ဧကကိုစိုက် ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ပေါက်စ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)