ဒိုက်ဦးမြို့နယ်တွင် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ဆန်နှင့်စားသောက်ကုန်ပစ္စည်းများအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိ




MNP ၊  ဩဂုတ်  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ဩဂုတ် (၁၈) ရက်နေ့နံနက် (၆) နာရီအချိန်မှစတင်၍ ဒိုက်ဦးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကျောင်းကြီးလမ်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံးရှေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် မြို့နယ်တွင်း စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများမှ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ  တိုက်ရိုက်ရောင်းချသည့် အရောင်းဆိုင်အား ဖွင့်လှစ်၍  ရောင်းချပေးလျှက်ရှိသည်။


အဆိုပါ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)