၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ဝင်ရောက်‌ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ဝင်ရောက်‌ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန်ကြေညာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

သတင်းကြေညာချက်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်


၁။ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ ဝင်ရောက်‌ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်။

၂။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ တစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၃-ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ရောင်းချပေးမည် ဖြစ်ပါသည်။

၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းရာ၌ ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

၄။ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ခြင်း မရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade 11) တက္ကသိုလ် ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည် ဖြစ်ပါ သည်။

၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲ ဝင်ကြေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး (၇၀ဝိ/-) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မှ စက်တင်ဘာလ ၂၉ ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၆။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက် ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင် ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်ပါသည်။

၇။ သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ‌ဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှုရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၈။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂) ၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။


မြန်မာနိုင်ငံစာစစ်ဦးစီးဌာန


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)