ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်





MNP ၊  ဩဂုတ်  ၃

ဟိုတယ်နှင်ခရီးသွားလာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှကြီးမှူး၍ ဟိုတယ်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မကွေးမြို့၊ ပုလဲရွှေရည်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းတွင်ပို့ချမည် နည်းပြဆရာများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းသည် ဒေသ၏ အဓိကစဉ်ဆက်မပြတ် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကာလအလွန်တွင် မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုတိုးတက်လာစေရန် ကြော်ငြာမြှင့်တင်ခြင်းလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦများ ကောင်းမွန်စေရေး၊ ဟိုတယ်/မိုတယ်များ တိုးတက်ရေးနှင့် ဝန်ဆောင်မှုကောင်းမွန်ရေးတို့ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး တန်ဖိုးမြှင့်ခရီးသွားများရရှိရန် ဈေးကွက်စီမံချက်ချဆောင်ရွက်ကြရမည်ဖြစ်သလို ဒေသတွင်းရှိ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ တိုးတက်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများ လာရောက်လည်ပတ်စေရေးအတွက် ခရီးစဉ်ဒေသများ ပိုမိုများပြားစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသောကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဝန်ထမ်များ တိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သလို သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများအနေဖြင့်လည်း ဟိုတယ်ပညာရပ်များကို နိုင်ငံတကာအဆင့်မီတတ်မြောက်ကျွမ်းကျင်အောင် ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က ဟိုတယ်ခရီးသွားဝန်ဆောင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် သင်တန်းနည်းပြတစ်ဦးမှ သင်တန်းတွင်ဖွင့်လှစ်ပို့ချမည့် သင်တန်းနည်းပြဆရာများအား တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဟိုတယ်ခရီးသွားဝန်ဆောင်မှုဆိုင်ရာ သင်တန်းကို သင်တန်းသား/သူ(၈၆)ဦးအား (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဟိုတယ်ခရီးသွားဝန်ဆောင်မှုဆိုင်ရာ သင်တန်း(၃)မျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုစည်သူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)