အ.မ.က-တပ်ဦးကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.မ.က-တပ်ဦးကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာကျင်းပ



MNP ၊  ဩဂုတ်  ၄

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အ.မ.က-တပ်ဦးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီဝင်များ စုပေါင်း၍ ဩဂုတ်လ ၃ ရက်နံနက် ၇ နာရီအချိန်က ဆရာတော်/သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ ချောင်းငယ်ရပ်ကွက်-မြသီတာကျောင်းတိုက် ဦးစီးပဓာနဆရာတော်အရှင် ဝိမလနှင့်ပင့်သံဃာ(၂)ပါး၊ ကျောင်းအုပ်‌ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆရာအသင်း အမှုဆောင် များနှင့်၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မြသီတာကျောင်းဆရာတော်က ရှစ်ပါးသီလချီးမြှင့်ပေးပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း မေတ္တာသုတ်/ ဗောဇဂ္ဂသုတ်နှင့်ကမ္မာဝါစာတို့ကို ရွတ်ပွားပူဇော်ပေးတော်မူသည်။


ဆက်လက်၍ ဆရာတော်က ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် လှူဒါန်းရခြင်းအကျိုးတရားတော်ကို မြွက်ကြားပေးတော်မူပြီး ကျောင်းအကျိုးတော် ဆောင်များက ဆရာတော်/သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာ ကြသည့်မိဘဆရာအသင်းအမှုဆောင်များနှင့် ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား မိဘများ /အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များအား ရန်ကုန်မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)