ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရပ်ကွက်ကျေးရွာများမှ ဝါဆိုပန်းများ လာရောက်ကပ်လှူ ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရပ်ကွက်ကျေးရွာများမှ ဝါဆိုပန်းများ လာရောက်ကပ်လှူ ပူဇော်


MNP ၊  ဩဂုတ်  ၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ရပ်ကွက်ကျေးရွာများဖြစ်သော မန်မိုင်ရပ်ကွက်၊ မိုးဂဲလ်ရပ်ကွက်၊ ငွန်ဆိုင်းကျေးရွာ၊ ဗောဓိကုန်းရပ်ကွက်၊ မန်ခိုက်ရပ်ကွက်များမှ မိဘပြည်သူများက ဝါဆိုပန်းများကို ဩဂုတ်လ ၂ ရက်နေ့ မွန်းလွဲ (၆)နာရီအချိန်က လာရောက်ကပ်လှူ ပူဇော်ကြကြောင်း သိရသည်။


အခမ်းအနားတွင် မြို့မဂိုဏ်းချုပ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ မြတ်စွာဘုရားရှင်အား ဝါဆိုပန်းများဖြင့် ပူဇော်ကန်တော့ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ကြွရောက်လာသော ကျေးရွာနေ မိဘပြည်သူများက မြတ်စွာဘုရားအား မပူဇော်မီ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ကျောင်းပရိဝဏ်အတွင်း လှည့်လှည်ပူဇော်ခြင်းများနှင့် လာရောက်ဖူးမြော်သူများအား လက်ဖက်သုပ်၊ ဂျင်းသုပ်၊ အသီးအနှံများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)