ကျွန်းလှ၌ စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှ၌ စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး


MNP ၊  ဩဂုတ်  ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်ပစ္စည်းများ ဝယ်ယူ‌ စားသောက်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီက စားသုံးရန်မသင့်သော အစားအစာများ ရောင်းချခြင်းရှိ/မရှိ မြို့ပေါ်ကုန်စုံဆိုင်၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်ကာလသတ်မှတ်ပြီး စစ်ဆေးဆောင်ရွက်ရန် ကုန်စည် (၃) မျိုး သတ်မှတ်ထား ကြောင်း၊ ယခုလ အသင့်သောက် အချိုရည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့် အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီး ဌာန၊ ဒေါ်ဝေဝေအောင် (တာဝန်ခံ)က ရှင်းလင်းပြောကြားသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မျိုးဝင်းညို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)