သာစည်မြို့နယ် ယင်းမာပင်အခြေခံပညာအထက်တန်းကျောင်း၌ ရွှေပြည်စိုး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် ယင်းမာပင်အခြေခံပညာအထက်တန်းကျောင်း၌ ရွှေပြည်စိုး ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊  ဩဂုတ်  ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ရွှေပြည်စိုး ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ် ရှေ့၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၊ တာဝန်ခံမြို့နယ် ပညာရေးမှူး ဒေါ်ဝါဝါကျော်၊ ကျောင်းအုပ်ဆရာကြီးဦးခင်မောင်စိုး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ရွှေတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ ကျောင်းသား/သူလေးများက ပြည်မြန်မာ သီချင်းဖြင့် အခမ်း အနားကိုဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူးက ပညာရေးနှင့်ပတ်သက် ၍သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီး Grade-12 မှ ကျောင်းသား/သူလေးများက နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၂-၂၀၂၃ နှင့်၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနငွေလုံးငွေရင်းရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ RCC နှစ်ထပ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။               


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)