နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) ဒသမအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) ဒသမအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ်ပေးအပ်ချီးမြှင့်ပွဲကျင်းပ



MNP ၊  ဩဂုတ်  ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်မထသ(အဝေးပြေး)ရုံးချုပ်၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၏ ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်းများမှ ဝန်ထမ်းများနှင့်သားသမီးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ကြသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်နှင့် အခြေခံပညာကျောင်း အသီးသီး၌ တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအား ဒသမအကြိမ်မြောက် ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့ စရိတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာလင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ကြတဲ့ ကျောင်းသား/ကျောင်းသူများနှင့် ရိုးရိုးအောင်တဲ့ ကျောင်သား၊ ကျောင်းသူများကို ဂုဏ်ယူပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့ရဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်ရဲ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ မြေပေါ်မြေအောက်သယံဇာတများ ပေါများစေကာမူ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းဆောင်နိုင်ကြမှာဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်လူရွယ်များအနေဖြင့် ကြိုးစားဆောင်ရွက် သွားကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့လည်း "တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက်၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး”ဆိုတဲ့ လူမှုရေးဦးတည်ချက် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအနေဖြင့်လည်း ဗလငါးတန်နဲ့ ပြည့်စုံတဲ့လူငယ်များ ဖြစ်လာစေရန် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ပညာကိုကြိုးပမ်းသင်ယူရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးမြတ်မိုးက ပညာသင်စရိတ်ထောက်ပံမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာလင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။


ယင်းနောက် နေပြည်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးမြတ်မိုး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းအသီးသီး၌ တက်ရောက်ပညာသင်ကြားနေသည့် နေပြည်တော်မထသ(အဝေးပြေး)ရုံးချုပ်၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)၏ ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်းများမှ ဝန်ထမ်းများနှင့် သားသမီး ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံး ဗလာစာအုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)