ဒေါပုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးဆောင်ရွက်


MNP ၊  ဩဂုတ်  ၄

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မင်းအေးက မြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်နှင့် သတ်မှတ်ရက်အတွင်း ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာဌာနများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ ရုံးလုံခြုံရေးကိစ္စရပ်များအား ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ ဝါတွင်းကာလအတွင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း၊ ကွမ်းကိစ္စရပ်များ အဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ လှူဒါန်းနိုင်ရန်တိုက်တွန်းလိုပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံး သတိပြုပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားပါသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်(၁၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်းစီမံချက်ဆိုင်ရာလုပ်ငန်းများ၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ချစ်စုဝေ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)