ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး


MNP ၊ ဩဂုတ် ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့် အတူ ဩဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆောင်ရွက်လျက်ရှိသောတည်ဆောက် ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဩဂုတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နည်းပညာ တက္ကသိုလ်(မှော်ဘီ)၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပြည်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ပြည်)သို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည် နည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြည်)စီမံကိန်း တည်ဆောက်ရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဩဂုတ် ၁၉ ရက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိရာ နည်းပညာတက္ကသိုလ် (မကွေး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)သို့လည်းကောင်း၊ ယနေ့တွင် ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း)သို့ လည်းကောင်း သွားရောက်၍ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၏ ကျောင်းဆိုင်ရာအချက်အလက်များ ဆွေးနွေးတင်ပြမှုနှင့် ဆရာ ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေမှု၊ လက်တွေ့ခန်းများတွင် လက်တွေ့ဆောင်ရွက်နေမှု၊ ကျောင်းသား ကျောင်းသူများ၏ အားကစားယှဉ်ပြိုင်နေမှုနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များတွင် နေထိုင် စားသောက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ အနီးကပ်ကြီးကြပ်ထောက်ပံ့မှုဖြင့် မကျီးကန်ကျေးရွာ ရှိ Daily Integrated Farm လုပ်ငန်းတွင် နည်းပညာ တက္ကသိုလ်(မကွေး)မှ တာဝန်ယူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဇီဝဓာတ်ငွေ့ကန် အမှတ်(၂/၂၀၂၃)သို့ သွားရောက်ကာ လိုအပ်သော နည်းပညာများ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေး မှာကြားချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)