ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့်မဟာဓမ္မိကာရုံကျောင်းတို့တွင် ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ်ဒါနပြုလုပ်သူများဖြင့်အထူးစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့်မဟာဓမ္မိကာရုံကျောင်းတို့တွင် ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ်ဒါနပြုလုပ်သူများဖြင့်အထူးစည်ကား





MNP ၊ သြဂုတ်  ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့်မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ယနေ့နံနက်ပိုင်းတွင် ဥပုသ်သီလဆောက်တည်သူများ၊ကောင်းမှုဒါနပြုလုပ်သူများဖြင့်အထူးစည်းကားလျက်ရှိသည်။


     ထို့နောက် ရန်အောင်မြင်ရပ်ကွက်ရှိ ရန်အောင်မြင်ဘုရား၊ဓာတ်တော်စေတီ၊မြို့မရပ်ကွက်ရှိ မဟာထီးဘုရားစေတီ၊ပုထိုးတို့တွင်လည်းဗုဒ္ဓ ဘုရားရှင်အားရည်မှန်း၍ ဆွမ်း၊ပန်း၊ရေချမ်း၊ကပ်လှူပူဇော်ခြင်း၊ဆီမီး၊အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုသူများ ဖြင့်အထူးစည်ကားလျက်ရှိပြီး မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်များ၌ မြို့ပေါ်ရပ်ကွက်အလိုက်ဓမ္မစကြာရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)