တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်



MNP ၊  ဩဂုတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်း ချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တာမွေမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီမှ သိရသည်။(ပုံ- တာမွေမြို့နယ်ရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ ဖွင့်လှစ် ထားရှိမှုအား မြင်တွေ့ရစဉ်)


ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် တာမွေမြို့နယ်အတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ထုတ်ပြန်ထားသည့်  ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း၊ ကာရာအိုကေ လုပ်ငန်းလိုင်စင်ပါ စက်အစုံအရေအတွက်နှင့် မြေပြင်အရေအတွက် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ လုပ်ကိုင်သည့်လုပ်ငန်းအတွက် ဥပဒေနှင့်အညီ လုပ်ငန်းလိုင်စင်ရယူထားခြင်း ရှိ/မရှိ စိစစ် ကြီးကြပ်ခြင်းများကို ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကဖြစ်စေ၊ ရန်ကုန်တိုင်း ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီကဖြစ်စေ၊ ခရိုင်ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီ ကဖြစ်စေ အခါအားလျော်စွာ အထူးစစ်ဆေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း မြေပြင်ကွင်းဆင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၂၃-ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့က ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ အခန်း(၆)၊ ဥပဒေပုဒ်မ(၂၁)အရ လည်းကောင်း၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေ အခန်း(၆)၊ နည်းဥပဒေ(၂၅)(ခ)နှင့်အညီ ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂၅/၂၀၂၃)၊ ဆုံးဖြတ်ချက် အပိုဒ်(၉၂)အရ တာမွေမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီကို ၂၀၂၃-ခုနှစ် ဩဂုတ်လ(၉)ရက်နေ့က ကော်မတီဝင်(၇)ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)