ဧရာဝတီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပ


MNP ၊ ဩဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ ဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲများအား တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ နှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “မြေပြင်လူဦးရေစာရင်းဇယားများကောက်ယူရာတွင် တိုင်းဒေသကြီးအနေဖြင့် အစောဆုံးကောက်ယူပြီးစီးခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရရှိသည့်အချိန်များတွင် စာရင်းများရေးသွင်းနေမှုများ၊ တိုင်ဆိုင်စစ်ဆေးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ အကြံပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိနေ သည့်လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စာရင်းဇယားများ ပြည့်စုံမှန်ကန်စေရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက် သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲအား တက်ရောက်ခဲ့ရာ ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့်ဈေးကွက်သုတေသနကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီးနောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ တွဲဘက်ပါမောက္ခဌာနမှူးများက စပါး၊ အုန်းသီး၊ ငှက်ပျော၊ ပီလောပီနံ၊ နေကြာ၊ မတ်ပဲ၊ ဝါး၊ ငါး၊ ပုစွန်၊ မြေဩဇာ၊ ငဝန်မြစ်ရေကြီးခြင်း ဘေးအန္တရာယ်အကြောင်းလေ့လာခြင်း၊ ရွှေသောင်ယံနှင့် မော်တင်ဒေသရှိကမ်းရိုးတန်းများ၏ ဘူမိအနေအထားကိုလေ့လာခြင်း၊ Grade-12 ကျောင်းသား/သူများအား ဘာသာရပ်စွမ်းရည်မြှင့်တင်ပေးခြင်း၊ သာသနိကအဆောက်အဦး၊ ရှေးဟောင်းသမိုင်းဝင်နေရာ၊ Gasifier၊ IP Law အစရှိသည့် သုတေသနလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ မြောင်းမြစိုက်ပျိုးရေးတာဝန်ခံက ဧရာဝတီပေါ်ဆန်း အရည်အသွေးတိုးတက်စေရေး သုတေသနပြုဆောင်ရွက်နေမှုအကြောင်းအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွက် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (ARCCI)၏ အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်ပါကြောင်း၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်မှုသုတေသနနှင့် ဈေးကွက် သုတေသနများမှ ရရှိလာသည့် ရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပါက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မီစွာ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိစေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်များမှ ဖော်ထုတ်ရရှိသည့် စာတမ်းများ၊ သုတေသနရလဒ်များအားအခြေခံပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တန်ဖို့မြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ Gasifier လုပ်ငန်းများအား သွားရောက်လေ့လာ၍ ဒေသထွက်ကုန်ကြမ်းများအခြေခံပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ပညာရှင်များ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက် ပေးကြရန်ပြောကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)