သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး


MNP ၊ ဩဂုတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စု၌ ဩဂုတ် ၂၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့်  သာသနိက အဆောက်အဦ ၁ လုံး၊ နေအိမ် ၄ လုံးနှင့် စပါးအခြောက်ခံစက် အဆောက်အဦ ၁ လုံးတို့ အမိုးလန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်ခဲ့သည့်နေရာသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ သန်လျင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်အမိုးများ ကူညီဖယ်ရှားရှင်းလင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ၎င်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လေဘေးသင့်ပြည်သူများအား သွပ်သံ၊ သွပ်အချပ်များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)