သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ


MNP ၊  ဩဂုတ်  ၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် အမှတ်(၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇောက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကြွပ်ကြွပ်အိတ်လျော့ချနိုင်သည့် နည်းလမ်း(၅)ချက်အား ပြောကြားရာမှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို မလိုပါက သုံးစွဲရန် ငြင်းပယ်ခြင်း၊ ကြွပ်ကြွပ်အိတ်များအစား ချည်ဖြင့် ပြုလုပ်ထားသည့် ဈေးဝယ်အိတ်၊ စက္ကူအိတ်များအင်ဖက် စသည်တို့ကို သုံးစွဲခြင်းဖြင့် ကြွပ်ကြွပ်အိတ်မအသုံးပြုပြုမှု လျော့ချခြင်း၊ ကြွပ်ကြွပ်အိတ်အဟောင်း များအား အမှိုက်အဖြစ် စွန့်ပြစ်ခြင်းမရှိဘဲ ပြန်လည်အသုံးပြုခြင်း၊ ကုန်ကြမ်းအဖြစ်သုံးပြီး အသစ်ပြန်လည် ထုတ်လုပ်ခြင်း၊ သုံးပြီး ပစ္စည်းအိတ်ခွံများအား စုထားပြီး ပြန်လည်အသုံးပြုနိုင်သော နေရာသို့ ပြန်လည်ပေးပို့ခြင်း စသည်တို့ကို ပြောကြားပေးခဲ့သည်။


ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က သိမှတ်ဖွယ်ရာ ကလေးတို့၏ အခွင့်အရေး အကြောင်းအရာများ၊ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်မှ ကလေးသူငယ်အခွင့်အရေးများအကျဉ်ချုပ်ကို ပြောကြားပေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)