သံတောင်ကြီးမြို့နယ်တွင် ကွမ်းသီးပျိုးပင်များစတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ်တွင် ကွမ်းသီးပျိုးပင်များစတင်စိုက်ပျိုး


MNP ၊  ဩဂုတ်  ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံသီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းပြုလုပ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံပြည်သူများမှာ ဆောင်းတွင်းဖြစ်သည့် ဖေဖော်ဝါရီလ ကွမ်းသီးများကိုစတင်ပျိုးထားပြီး ၆ လခန့်အကြာတွင်  ကွမ်းပင်ငယ်များဖြစ်လာကာ   မိုးရေများသော ဩဂုတ်လအချိန်တွင် ကွမ်းသီးပျိုးပင်များကိုစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


ဒေသခံပြည်သူများသည် စိုက်ပျိုးထားသည့်ကွမ်းသီးပျိုးပင်ငယ်များ အောင်မြင်ဖြစ်ထွန်းလာစေရန်အတွက် စိုက်ပျိုးပြီးကွမ်းပင်ငယ်များကို (၃)လတစ်ကြိမ်ပေါင်းရှင်းပေးခြင်း၊ အလင်းရောင်ရရှိစေရန် ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်၊  ချုံနွယ်များကို ခုတ်တွင်ရှင်းလင်းပေးခြင်းတို့ကို (၃)နှစ်အတွင်းပြုလုပ်ပေးရသည်။  ကွမ်းပင်ငယ်များ (၃)နှစ်နှင့်အထက်ရှိလာပါက အောင်မြင်ဖြစ်ထွန်းသည့် အပင်များဖြစ်လာပြီး (၆)နှစ်မှ(၇)နှစ်ခန့်တွင်    စတင်ပြီးအသီးသီးနိုင်ကြောင်း ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူတောင်သူဦးခရစ်ထံက သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)