ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊  ဩဂုတ်  ၁၅

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန နှင့် တိုင်းရင်း​​ဆေးကုဌာနတို့ပူးပေါင်း၍ အမက (နွားမယံ) နှင့် အမက (ပုတ္တန်း) ကေျာင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဇင်ဝင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟော‌ေပြာပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာပေ၊ လူကုန်ကူးမှုတားဆီးရေးအသိပညာ‌ေပးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူများ၏ အခွင့်အ‌ေရးများ၊ စားသုံးသူနှင့်ပတ်သက်သောကုန်ညွှန်းအမှတ်အသား ( ၈)ချက်၊ 

‌မြို့နယ်တိုင်းရင်းဆေးကုဌာန ၊လက်‌ေထာက်တိုင်းရင်း‌ေဆးမှူး ဒေါ်ဇာဇာ‌ေအာင် က မျက်လုံးကျန်းမာရေး နှင့် သုံးစွဲရမည့် တိုင်းရင်းဆေးဝါးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက "အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုး‌‌ ‌ေကျးဇူးများ " ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကို မြန်မာ့သိုင်းအားကစား သရုပ်ပြလေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် ဒု-ဦးစီးမှူး ဒေါ်‌ေနွးဒါလီနိုင်က " အိုးကလေးနှစ်လုံး" ခေါင်းစဉ်ဖြင့် ပုံပြင်များပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်စာစောင်များဖတ်‌ေစခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ကလေးအလုပ်သမားပ ပေျာက်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား ၊ကျောင်းသူလေးများကို ဆေးဝါးများ ကုသပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)