ပေါက်ခေါင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြ



MNP ၊  ဩဂုတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၅၈)စက်မှုလယ်ယာစခန်းကကောက်စိုက်စက်ဖြင့် ရတနာတိုးစပါးအား စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်  ၉ နာရီက ဝက်တိုးကျေးရွာစနစ်ကျလယ်ဖော်ကွင်း၊ ကွင်းအမှတ်-၆၉၉  ရွှေပန်းတောကွင်း တောင်သူဦးသိန်းဇော်ဦး၏ လယ်မြေ(၃)ဧကတွင် ကျင်းပပြုလုပ်သည်။


သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်၊ ပြည်ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးသိန်းဇော်၊ ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများဖြစ်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှတာဝန်ရှိသူအဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနမြို့နယ်ဦးစီးဌာနမှူး ဦးလှထွန်းနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ကြည့်ရှုလေ့လာကြသည်။


သရုပ်ပြပွဲ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှထွန်းက တက်ရောက်လာသောတောင်သူများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနေမှုကိုလက်တွေ့စိုက်ပျိုးပြသခဲ့ရာ တောင်သူများမှစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)