ပွင့်ဖြူမြို့နယ်၌ နွေစပါးသီးနှံစိုက်ဧက ၁၄၁၃၀ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ နွေစပါးသီးနှံစိုက်ဧက ၁၄၁၃၀ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး




MNP ၊  ဩဂုတ်  ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီက ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးသီးနှံစိုက်ခင်း ၁၄၁၃၀ ဧကအား ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံးနွေစပါးသီးနှံ ၁၄၁၃၀ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းသိရပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စပါးအထွက်နှုန်း တစ်ဧက ၉၂ ဒသမ ၈၇ တင်းခန့် ထွက်ရှိခဲ့ကြောင်းနှင့် စပါးဈေးနှုန်းလည်း ဈေးကောင်းရရှိကြသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားကာ လုပ်ငန်းအဆင်ပြေ ကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်အနေနဲ့ ၂၀၂၂ - ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီမှာ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံစိုက်ဧက ၁၄၁၃၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေလဲ လုံလောက်စွာရရှိခဲ့လို့ စိုက်ပျိုးသမျှ နွေစပါးစိုက်ခင်းများလည်း ဖြစ်ထွန်းအောင်မြင်မှု ရှိခဲ့ပါတယ်။ တောင်သူတစ်ဦးချင်းအလိုက် နွေစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိစေဖို့အတွက်ကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးးဌာနမှ သက်ဆိုင်ရာနယ်မြေရှိ တာဝန်ခံကွင်းဝန်ထမ်းတွေက နွေစပါးစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ တောင်သူအသိပညာပေးလုပ်ငန်းတွေကို တွန်းအားပေး ကူညီပံ့ပိုးဆောင်ရွက်ပေး ခဲ့ကြပါတယ်။ ခုဆိုရင် မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးခဲ့တဲ့နွေစပါးသီးနှံစိုက်ခင်း ၁၄၁၃၀ ဧကကို ယနေ့ဩဂုတ် ၁၅ ရက်နေ့မှာ အောင်မြင်စွာ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စပါးအထွက်နှုန်းဟာလည်း တစ်ဧကကို စပါးတင်းရေ ၉၂ ဒသမ ၈၇ တင်းခန့် ထွက်ရှိပါတယ်။ ဒီနှစ်မှာ နွေစပါးသီးနှံ ဈေးကောင်းရရှိတာကြောင့် ဒေသတွင်းရှိ နွေစပါးစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိလို့ လုပ်ငနတ်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေ က ပြောသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေဖူလုံသည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းကို နွေး၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး၊ နွေနှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ဖူးစားပြောင်းသီးနှံ၊ အခြားဟင်းသီးဟင်းရွက် စားဖိုဆောင်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)