အ.ထ.က(မိုးညို)၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အ.ထ.က(မိုးညို)၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ



MNP ၊  ဩဂုတ်  ၂၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)သရဖူခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးကအမှာစကားပြောကြားပြီး အ.ထ.က(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးက ဆုပေးပွဲကျင်းပရခြင်းအကြောင်းနှင့် ဆုများအကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် အ.ထ.က(မိုးညို)၏ ကျောင်းအကျိုးဆောင်ဥက္ကဋ္ဌ ဦးညီညီဇော်က ကျေးဇူးတင်စကားပြောကြားပြီး ပညာရည်ချွန်ဆုရ ကျောင်းသား/သူ(၆၆)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်၍ ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)