ကျောက်မဲမြို့တွင် (၉၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့တွင် (၉၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့‌၊ အမှတ်(၂)ရပ်ကွက်၊ ဈေးဓမ္မာရုံတွင် ယမန်နေ့က ကျောက်မဲခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောက်မဲတပ်နယ်ရှိ တပ်မတော်မိသားစုဝင်များနှင့် မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များစုပေါင်း၍ ၉၂ ကြိမ်‌မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကြီး ကျင်းပခဲ့ကြောင်း သိရသည်။


ယမန်နေ့ နံနက်ပိုင်းတွင်  လှူဖွယ်ပစ္စည်ပဒေသာပင်များကို အများပြည်သူ ကြည်ညိုသဒ္ဓါပွားများ နိုင်စေရန် မြို့တွင်းလှည့်လည်အပူ‌ဇော်ခံခဲ့ပြီး မွန်းလွဲ ၂ နာရီအချိန်တွင် ဈေးဓမ္မာရုံအတွင်း၌ ဆက်လက်ကျင်းပရာ အဆိုပါ ဝါဆိုသင်ကန်းကပ်လှူပူဇော်ပွဲသို့ မြို့ပေါ်ဘုန်း‌တော်ကြီးကျောင်းပေါင်း (၃၇)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များနှင့် သံဃာတော်များအား ပင့်ဆောင်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ပညာဝံသ (ပြည်လုံးချမ်းသာကျောင်းတိုက်) အမှူးပြုသည့် ဆရာတော်များအား အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်၊ ကျောက်မဲခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှအကြီးအကဲများနှင့် အရာထမ်းအမှုထမ်းများ၊ အလှူရှင်များက သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို‌ ဆပ်ကပ်လှူဒါန်းခြင်း ဆရာတော်အရှင်သူမြတ်များထံမှ​ ​ပရိတ်တရားတော်များကို နာယူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ‌ပူဇော်ပွဲသို့ အလှူရှင်များမှ လှူဒါန်းငွေစုစုပေါင်း (၁၄၇၁၃၄၀၀) ကျပ်တိတိလှူဒါန်းခဲ့ကြောင်း သိရှိရသည်။


မိုင်းထွန်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)