မင်းပြားမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်



MNP ၊  ဩဂုတ်  ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နေ့လည်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွာပြင်ကျေးရွာအုပ်စု ခေါင်းလောင်းရွာသစ်ကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။


အဆိုပါ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ရွာပြင်ကျေးရွာအုပ်စု၊ ခေါင်းလောင်းရွာသစ်ကျေးရွာ  ဘုန်းတော်ကြီးကျောင်း၌ ခေါင်းလောင်းရွာသစ်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံပြီး မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမျိုးစိုးမိုးက မင်းပြားမြို့နယ် အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှုများနှင့် ကျေးရွာ၏ လိုအပ်ချက်များအား ဆွေးနွေးကြရန် မှာကြားသည်။ ဆက်လက်ပြီး ကျန်းမာရေးဦးစီးဌာန ဒေါက်တာနေဝင်းထွန်းက သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားရအောင် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းအား ပြည်သူအားလုံး ပါဝင်လုပ်ဆောင်ရန် လိုကြောင်း ကျန်းမာရေးအသိပညာပေး ပြောကြားသည်။ ဆက်လက်ပြီး ဌာနဆိုင်ရာအလိုက် စိုက်ပျိုးရေး၊မွေးမြူရေး၊ နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးနေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မြို့နယ်၏GDP မြင့်မားရေး၊ စားသုံးသူအကာအကွယ်ပြုရေး အသိပညာပေးခြင်း၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ ပေးပြောကြားခြင်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ကျေးရွာသူ၊ကျေးရွာသားများအား မွေးမြူရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သိန်းနုအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)