MNP ၊ ဩဂုတ် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို နာဟောင်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းတော်ကြီးကျောင်းတိုက်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပရာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ ကြွရောက်လာသော မိုးနဲတပ်နယ်မှုး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်သံဃနာယကဥက္ကဋ္ဌ အုဌ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူကြသော ပင့်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသဇ္ဈာယ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခြင်း၊ သံဃာတော် ၁၅ ပါးအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မလှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးညွန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment