MNP ၊ ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်စေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်စာရင်းပေးသွင်းထားမှု အခြေအနေများ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့်အခြေအနေများ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment