ပုသိမ်ကြီးမြို့နယ် ပံသုကျီခန်းမတွင် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ် ပံသုကျီခန်းမတွင် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ


MNP ၊  ဩဂုတ်  ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပခဲ့သည်။


ရှေးဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စာကြည့်တိုက်မှူး ဒေါ်စန္ဒာဝင်း က အသိပညာပေး လုပ်ငန်းများ နှင့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.ကပုသိမ်ကြီးမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်မှူးဒေါ်စန္ဒာဝင်းနှင့်ဝန်ထမ်းများ၊ အ.ထ.က ပုသိမ်ကြီးမှ အလယ်ပြဆရာမဒေါ်သဲအေးသန့်စင်နှင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)