တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်ရေးရာလုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်ရေးရာလုပ်ငန်းကော်မတီအစည်းအဝေးသို့ တက်ရောက်







MNP ၊  ဩဂုတ်  ၂၉

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာလုပ်ငန်းကော်မတီအစည်းအဝေးကိုယနေ့နံနက် ၉ နာရီခွဲအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် လူမှုရေးဦးတည်ချက်ထဲတွင် လူငယ်ကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အတွက် “ကမ္ဘာကြီးရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များအချင်းချင်းပူးပေါင်း၍ လူငယ်များ၏ စွမ်းအားကိုအသုံးပြုပြီး ကမ္ဘာကြီးရေရှည် တည်တံ့နိုင်စေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးသည် အဓိကကျကြောင်း၊ တိုင်းဒေသကြီးတွင်လူငယ်ကဏ္ဍနှင့်ပတ်သက်၍ တစ်စိုက်မတ်မတ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူငယ်ကဏ္ဍအနေဖြင့်မည်သည့်အချိန်ကာလမဆို ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် အမြဲတမ်းလိုအပ်သော လုပ်ငန်းဖြစ်ကြောင်း၊ လူငယ်များအားမြေ တောင်မြှောက်ပေးနိုင်ရေးအတွက်အဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း ပြီး ဆောင်ရွက်ပေးစေလို ကြောင်း၊ အဓိကအနေဖြင့် ပညာရေး၊ ကျန်းမာရေးအခြေခံပြီး လူငယ်များ အား လမ်းမှားမရောက်အောင်၊ မူးယစ်ဆေးနှင့်အခြား ဘေးဖြစ်စေတက်သောအန္တရာယ်များအား ကာကွယ်ပြီး ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် အခြား ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊  စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံ့သား ကောင်းဖြစ်မှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေး၊ ကျား/မ ညီမျှမှု၊ လူ့အခွင့်အရေး နိုင်ငံတကာ ဆက်ဆံရေး၊စသည့်ကဏ္ဍ(၁၆)ရပ်အား ပိုင်းခြားပြီး အပိုင်းအလိုက်၊ ကဏ္ဍအလိုက် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊  လူငယ်ဆိုသည်မှာ ကျောင်းသားလူငယ်ကစပြီး အဓိကကျောင်းသားဘဝကစ၍ သေချာပြုစုပျိုးထောင်ပေးနိုင်ရန်အရေး ကြီးကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လူငယ်ကဏ္ဍနှင့်ပတ်သက်၍အပိုင်းအလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့်လူမျိုးအား ကာကွယ်စောင့်ရှောက်နိုင်ရန် နေရာယူလာမည့် ကလေးလူငယ်များအား ကျန်းမာသန်စွမ်းပညာရည်ပြည့်ဝသော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသော ကလေးများဖြစ်စေရေးလိုအပ်သောကြောင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူးဦးစိုးမိုးနိုင်က  လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)တွင်ပါရှိသည့် လူငယ်ဖွံ့ဖြိုးရေးဆိုင် ရာအဓိကကဏ္ဍ (၁၆)ခု အားရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းများဆောင်ရွက် ထားရှိမှုအခြေအနေများအားရှင်းလင်းဆွေးနွေးပြောကြားပြီး ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးပြီးလုပ်ငန်းများ အောင်မြင်စေရေးအတွက် ကော်မတီများဖွဲ့စည်းထားရန် လိုအပ်ကြောင်းမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)