MNP ၊ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ဗဟုသုတသည် တန်ခိုးဖြစ်သည်ဟု ပြောဆိုချက်နှင့်အညီ ကျောင်းသားတိုင်းအတွက် မရှိမဖြစ် သိသင့်သိထိုက်သော ဗဟုသုတပေါင်းစုံ၊ ပညာပေါင်းစုံတို့ ဖူးပွင့်ရာ ဥယျာဉ်ကြီးများမှာ စာအုပ်စာပေများဖြစ်ကြောင်းကို ဟောပြောဆွေးနွေးခြင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအကြောင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက ကျောင်းသား/သူလေးများ ယဉ်ကျေးလိမ္မာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများနှင့်ပတ်သက်၍ ဗလငါးတန်ဖွံ့ဖြိုးစေရန် ကာယ၊ ဉာဏ ၊ စာရိတ္တ၊ မိတ္တ ၊ ဘောဂဗလတို့အကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဆရာ/မများနှင့် ကျောင်းသား /သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment