ကမာရွတ်မြို့နယ်တွင် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှု့ အန္တရာယ်ကာကွယ် တိုက်ဖျက်​ရေးနှင့် မူးယစ်​ဆေးဝါး အန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူကုန်ကူးမှု့ အန္တရာယ်ကာကွယ် တိုက်ဖျက်​ရေးနှင့် မူးယစ်​ဆေးဝါး အန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ






MNP ၊  ဩဂုတ်  ၂၉

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဩဂုတ်၂၇ရက် နံနက် ၉နာရီခွဲအချိန်က၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အင်းယား လမ်း၊ အထက(၂)၊ အခြေခံပညာအထက်တန်းကျောင်းနှင်းဆီခန်းမတွင် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေး၊ ယာဉ်စည်ကမ်း လမ်းစည်းကမ်းပညာပေးစသည့် တွေ့ဆုံဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ​ ဟော​ပြောပွဲသို့ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ စီမံအဖွဲ့ဝင်(၂) ဦးစိုးရန်နိုင်၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးမြင့်စိုး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဝင်းဝင်းထွန်း၊ မြို့နယ် ပညာရေးမှူးရုံးလက်​ထောက်ပညာရေးမှူး ဦးဆန်းထွန်း အ.ထ.က(၂)၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှူးရုံးမှ ရပ်ကျေးစာရေးနှင့်ရပ်မိ/ရပ်ဖများ၊ ကျောင်းအကြို၊  အပို့ယာဉ်မောင်းများ စုစုပေါင်းအင်အား (၁၈၀) ဦးခန့် တက်​ရောက်ခဲ့ပါသည်။


ထို​နောက် မြို့နယ်စီမံအဖွဲ့ဝင်(၂) ဦးစိုးရန်နိုင်မှ လူကုန်ကူးမှု့အန္တရာယ် တာဆီးကာကွယ်​ရေးအ​ကြောင်းကိုလည်​ကောင်း၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ ရဲမှုး မြင့်စိုးကယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်အ​ကြောင်းကိုလည်​ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးမြင့်နိုင်က မှုးယစ်​ဆေးဝါး အန္တရာယ်အ​ကြောင်းကိုလည်​ကောင်း အသိပညာပေးဟောပြောခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကျင်းပခဲ့ကြောင်းနှင့် အသိပညာ​ပေးလက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရ ပါသည်။


စိမ်းလဲ့ 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)