မုဒုံမြို့၌​ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌​ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်


MNP ၊  ဩဂုတ်  ၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက်  ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက်ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိမ့်သိမ့်အောင်နှင့်ဝန်ထမ်းများက သြဂုတ်(၂)၊ (၃)ရက်နေ့က မိုးသက်လေပြင်းကျရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ သွပ်အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့သည့် တောင်ပကျေးရွာ၊ ကလော့သော့ကျေးရွာနှင့်မြို့မ(၄)ရပ်ကွက်တို့ရှိ  အိမ်ထောင်စု(၂၈)စု၊ လူဦးရေ (၁၁၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၇၀၀၀၀)ကျပ် ၊ ဆန်ရိက္ခာဖိုးငွေ(၂၃၅၂၀၀)ကျပ် စုစုပေါင်း(၉၀၅၂၀၀)ကျပ်ကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်သူများအား လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များကျရောက်ပါက ကြိုတင်ပြင်ဆင်သတိပြုလိုက်နာရမည့်အချက်များ၊ တိုက်ခတ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးပြောကြားပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


သားငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)