ရပ်စောက်မြို့နယ် ထင်းကွင်းကျေးရွာသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ် ထင်းကွင်းကျေးရွာသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကွင်းဆင်းဆောင်ရွက်



MNP ၊  ဩဂုတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးတိရိစ္ဆာန်များတွင် ရောဂါကျရောက်ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရိစ္ဆာန်ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက်(၉:၃၀)နာရီက ပါမဲကျေးရွာအုပ်စု၊ ထင်းကွင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပါမဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူ၊ လက်ထောက်ကြီးကြပ်ရေးမှူးဒေါ်တင်တင်မိုးနှင့် ဒေါ်စမ်းစမ်းစိမ့်အေးညိုတို့က တိရိစ္ဆာန်ကူးစက်ရောဂါ၊ ကျွဲနွားခွာနာလျှာနာရောဂါ၊ အာဖရိကဝက်အပြင်ဖျားရောဂါ၊ ကျွဲနွားအရေပြားအကျိတ်နာ ရောဂါများအကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာအကြောင်းအရာတို့ကို ပြည်သူလူထုသို့ အသိပညာပေး ဟောပြောခဲ့ကြသည်။


ဆက်လက်၍ တိရိစ္ဆာန်ကူးစက်ရောဂါများအကြောင်း လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်း၊ တိရိစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ရောဂါများအားမျက်မြင်အရစူးစမ်းထောက်လှမ်းခြင်း၊ တိရိစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ် ၁၅ ရက်မှ ၃၁ ရက်အထိ တိရိစ္ဆာန် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြည်သူလူထုအသိပညာပေးဟောပြောခြင်းနှင့်အတူ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ တိရိစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်း၊ အင်းဆက်ပိုးမွှားများအား နှိမ်နှင်းရေးအတွက် မီးခိုးမှိုင်းတိုက်ခြင်း၊ မက်၊ ခြင်၊ ယင်များ ခိုအောင်းနိုင်သည့် ရေမြောင်း၊ ရေအိုင်၊ ခြုံနွယ်များအား ရှင်းလင်းဆောင်ရွက်ခြင်း၊ ခြံဖျန်းပိုးသတ်ဆေးများပက်ဖျန်းခြင်း၊ ဇီဝလုံခြုံမှုလုပ်ငန်းများမြှင့်တင်နိုင်ရန်အတွက် မွေးမြူရေးခြံများ၊ သားသတ်ရုံများအား ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)