မအီမြို့၌ ဆိုင်ကယ်ခိုးယူထွက်ပြေးသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ဆိုင်ကယ်ခိုးယူထွက်ပြေးသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ


MNP ၊  ဩဂုတ်  ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးဇော်မင်းဌေး (ဘ)ဦးခင်သိန်းရွှေ၊ အသက်(၄၅)နှစ်မှာ ဩဂုတ်လ(၁၈)ရက်နေ့က မအီမြို့နှင့် လေးမိုင်ခန့်အကွာ ရန်ကုန်<--->ကျောက်ဖြူကားလမ်းမဘေး ကျောက်ဆုံကွင်း၌ မိမိပိုင် CANDA 125 အမျိုးအစား အစိမ်းရင့်ရောင် မော်တော်ဆိုင်ကယ်အား သော့ခတ်ထားရှိ၍ ပေ(၂၀၀)ခန့်အကွာ လယ်ကွင်းထဲတွင် လယ်ကန်သင်းဆည်ဖို့နေခဲ့ပြီး (၂)နာရီခန့်အကြာတွင် ဆိုင်ကယ်ရပ်တန့်ထားရာသို့ပြန်လာခဲ့ရာ မိမိဆိုင်ကယ်ကို မတွေ့ရှိရတော့ဘဲ ပျောက်ဆုံးနေသဖြင့် ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ကားလမ်းတစ်လျှောက်နှင့် အနီးဝန်းကျင်ကျေးရွာများသို့ မိမိအစီအစဉ်ဖြင့် စုံစမ်းရှာဖွေခဲ့သော်လည်း ရှာတွေ့ခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် မအီနယ်မြေရဲစခန်းသို့ ဥပဒေအရ စုံစမ်းဖော်ထုတ်ဆောင်ရွက်ပေးပါရန် ဩဂုတ်လ(၂၁)ရက်နေ့က ဦးဇော်မင်းဌေးမှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့် မအီနယ်မြေရဲစခန်းမှ (ပ) ၉/၂၀၂၃ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ အမှုရေးဖွင့်ပြီး အမှုအား ဒုရဲအုပ်ကျော်မင်းထွန်းက လက်ခံစစ်ဆေးဆောင်ရွက်ခဲ့သည်။


အမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ်မှ တရားလိုအားစစ်ဆေးခြင်း၊ သက်သေများဖြစ်သည့် ဦးဇော်ဝင်းလေး(အမှတ်-၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး)၊ ဦးသောင်းရွှေမောင်(အမှတ်-၄ ရပ်ကွက်၊ ရာအိမ်မှူး)တို့လိုက်ပါလျက် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ပြီး ဆိုင်ကယ်ခိုးယူသွားသူအား စုံစမ်းစစ်ဆေး အမြန်တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။


ဖော်ပြပါ ဆိုင်ကယ်ခိုးယူသွားသူအား ရှာဖွေစုံစမ်းမှုများ ဆောင်ရွက်နေ့စဉ် ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက မအီမြို့မှအထွက် မအီ<--->အမ်း ကားလမ်းမတွင် ဆိုင်ကယ်(၁)စီးနှင့် လူ(၁)ဦးအား မသင်္ကာဖွယ်ရာ တွေ့ရှိရကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ထိုသူမှာ မအီမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဝေလ(ခ)ငကျန်အောင် အသက် ၃၃ နှစ်၊ (ဘ)ဦးဝေဖြူအောင် ဖြစ်ပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်းမရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းဆိုင်ကယ်မှာ ဩဂုတ်လ ၁၈ ရက်နေ့က မအီမြို့မှ တောင်ကုတ်မြို့သို့အထွက် ကျောက်ဆုံကွင်းရှိ ကားလမ်းမဘေးတွင် CANDA 125 အမျိုးအစား အစိမ်းရင့်ရောင် ဆိုင်ကယ်အား သော့ခတ်ရပ်တန့်လျက်တွေ့ရှိခဲ့ရာ ဆော့ကတ်ဖြုတ်၍ ခိုးယူလာခဲ့ကြောင်း၊ ၎င်းဆိုင်ကယ်အား အမ်းမြို့တွင် ရောင်းချရန် မောင်းနှင်လာခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်များအရ သိရသည်။


သို့ဖြစ်၍ အမှုမှတရားခံ ဝေလ(ခ)ငကျန်အောင် အသက် ၃၃ နှစ်၊ (ဘ)ဦးဝေဖြူအောင်အား အမှုဖြင့်ဖမ်းဆီးခြင်း၊ သက်သေခံဆိုင်ကယ်အား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင် သိမ်းဆည်းခြင်းနှင့် တရားခံအား တောင်ကုတ်မြို့နယ် တရားရုံးသို့တင်ပို့ပြီး ချုပ်မိန့်ရီမန်တောင်းခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိကြောင်း မအီနယ်မြေရဲစခန်းမှ သိရှိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)