ပုဗ္ဗသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ



MNP ၊  ဩဂုတ်  ၂၆

ပုဗ္ဗသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ၌ ကျင်းပခဲ့သည်။


တွေ့ဆုံပွဲသို့‌ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦး၊​ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဒေသခံတောင်သူ များတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဇေယျာသီရိခရိုင်စီမံဥက္ကဋ္ဌ ဦးဟန်ဝင်းထူးမှ အဖွင့်အမှာ စကားပြောကြားရာတွင် တောင်သူများစပါးစိုက်ပျိူးရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် တစ်ဧကစပါးတင်း (၁၀၀) ထွက်ရှိရေး ရေမျှတစွာသုံးစွဲရေး၊ အရင်းနှီးငွေလိုအပ်ပါက ချေးငွေများ ထုတ်ပေးရေး၊ တောင်သူများ စပါးစိုက်ပျိူးရာတွင် အထွက်တိုးကောင်းအောင်စိုက်ပျိူးကြရန်၊ တောင်သူအချင်းချင်း စပါးအထွက်တိုးအောင် လိုအပ်သည်များစည်းလုံးညီညွှတ်စွာ ဖေးမကူညီဆောင်ရွက်ကြရန်၊ မြို့နယ်စိုက်ပျိူးဦးစီးမှူး ဦးထက်အောင်ကျော်မှ ကွင်းအမှတ် (၁၆၂၃က) အတွင်း၌ စပါးစိုက်ဧက (၁၈၁) ဧက လက်ရှိစိုက်ပျိူးလျက်ရှိပြီး ကျန်ရှိဧကများအား ဆက်လက်စာရင်းရေးသွင်းသွားမည်ဖြစ်ကြောင်း၊ စပါးခင်း၊ ဟင်းသီးဟင်းရွက်ခင်းများ ပိုးကျပါက ပိုးသတ်ဆေးအမျိူးအစားနှင့် သုံးစွဲနည်းစနစ်တို့အား ချပြရှင်းလင်းခဲ့ရာ တောင်သူဦးရွှေလုံးမှ ရွာအရှေ့ဖက်ရှိ ဆင်သေချောင်းမှ တာတမံပိတ်ထားရာ ကျိူးပေါက်ခြင်းအခြေအနေတင်ပြခြင်း၊ တောင်သူဦးထွန်းနိူင်မှ ဝက်ကုန်းရွာအနီး ရိုးမြောင်းများအတွင်း ရေသိုလှောင်ထားရှိနိုင်ရေးတင်ပြခြင်း၊ တောင်သူဦးမြင့်ကြိုင်မှ စပါးသီးနှံပေါ်ချိန်တွင် သီးနှံဈေးနူန်းမှန်ကန်မှုရှိစေရေးတို့အား တင်ပြဆွေးနွေးခဲ့ရာ နေပြည်တော်တိုင်းရဲတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦးနှင့်   ဆည်မြောင်းဦးစီးဌာန ဦးစီးမှူးဦးခင်မောင်သန်းတို့မှ တောင်သူများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူဦးမြဦးစိုက်ပျိူးထားသော ပင်လောင်းလမ်းမကြီးဘေးရှိ စပါးခင်းအားတာဝန်ရှိသူများမှ သွားရောက်ကြည့်ရူ့ စစ်ဆေးခဲ့သည်။ ယင်းနောက် ဝဲကြီးကျေးရွာအုပ်စု ၊ ဝဲကြီးကျေးရွာရှိ ဆင်သေလက်ယာမြောင်း ရေထိန်းတံခါး DO - 10 သို့ နေပြည်တော်  ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦးနှင့် တာဝန်ရှိသူများက ဆည်မြောင်းမှ ရေပေးဝေမှုစနစ်များအား ကြည့်ရူစစ်ဆေးခြင်း၊ ဆည်ရေသောက်တောင်သူများနှင့်တွေဆုံပြီး တောင်သူများ၏ အခက်အခဲများအားမေးမြန်းခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                                                                       


သန်းသန်းနွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)