MNP ၊ ဩဂုတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရမျှတစွာစားသောက်ရန် အစာအုပ်စု(၃)မျိုးအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီကမိခင်နှင့် ကလေးအာဟာရပြည့်ဝမျှတစွာ စားသောက်တတ်စေရန် အစာအာဟာရများအကြောင်းဟောပြောပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်သွဲ့သွဲ့အောင်က အာဟာရမျှတစေရန် အစာအုပ်စု(၃)ခုအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မိုင်းခတ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များ တက်ရောက်ကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ၎င်းကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆားများ အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment