မိုင်းရယ်မြို့အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေး


MNP ၊  ဩဂုတ်  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ မြို့အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးတို့ကို ယမန်နေ့ နံနက် ၈ နာရီက စစ်ဆေးခဲ့သည်။


အဆိုပါစစ်ဆေးခြင်းကို မိုင်းရယ်တပ်နယ်မှ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးတို့ ပူးပေါင်းပါဝင်သည့် အဖွဲ့သည် ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်၍ တရားမဝင်ကုန်စည်များ တင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)