အမ်းမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်







MNP ၊  ဩဂုတ်  ၂၉

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့်မြန်မာနိုင် ငံကျန်မာရေးမှူးအသင်းက ခရိုင်အဆင့်ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာ ဟာရဖွံ့ဖြိုး ရေးရက်သတ္တပတ်လှုပ် ရှားမှုအခမ်းအနားကို ယနေ့ နံ နက် ၁၀ နာရီအချိန် တွင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာအစည်းအဝေး ခန်းမ ကျင်း ပပြုလုပ်ခဲ့ သည်။ 


   ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်ဇော်ထက်ကအဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘာ့မိခင် နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက် ၍ မိ ခင်များအားအာဟာရဖွံ့ဖြိုးကိစ္စရပ်များအ​နေဖြင့် မွေးကင်းစအရွယ်မှအသက် (၆)လအရွယ်ထိ မိခင်နို့ တစ်မျိုးတည်းကိုသာစနစ်တကျတိုက်ကျွေးကြရန်လိုအပ်ပါကြောင်း နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့်ကျောင်း သားလူငယ်များ ကျန်းမာသန် စွမ်းရေး၊အာ ဟာရဖွံ့ဖြိုးစေရေးလိုအပ်ပါကြောင်းပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဦး စီးဌာနမှူးဒေါက်တာအောင်ကျော်မိုးက ပြောကြားရာတွင် အာဟာရဖွွံ့ဖြိုးတိုး တက်ရေး၏ အရေးပါပုံအကြောင့်အရာများ အာဟာ ရချို့တက်မှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ ပြည်သူကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွွံ့ဖြိုးတိုးတက်ရေးအတွက် ကိုဝန်ဆောင်မိခင်များ ကျောင်းတွင်းအာဟာရစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိ သောအစီအမံများအာဟာစောင့်ရှောက် ရေး နှင့် အာဟာရရက် သတ္တပတ်ကျင်းပပြုလုပ်ရခြင်းများနှင့် ကျန်းမာ ရေးလှုပ်ရှားမှု အကြောင်းအရာ များကို ရှင်းလင်း ပြောကြား ခဲ့ သည်။ 


     ဆက်လက်ပြီးကျန်းမာရေးဦးစီးန မှဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူး အာဟာရပြည့်ဝအောင်ကျွေးနည်း ချက်နည်းလတ်ဆတ်သောအသီးအရွက်များကိုစားသုံးခြင်းဖြင့်ရရှိလာသည့်အကျိုး ကျေးဇူး အသင့်စားသုံးအစားအစာများ၏ဆိုးကျိုးများ အာဟာရဖွံ့ဖြိုးတိုး တက် ရေးလုပ်ငန်းများအကောင်အ ထည် ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်သွားစေရေး၊လူသား များ အားလုံး အသက်ရှင်သန်ရေး ၊ကိုယ် ခန္ဓာဖွံ့ဖြိုးရေး နှင့် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးရေးအတွက် နေ့စဉ် စာသုံးသည့် အစားအစာ များသည် သန့် ရှင်းပြီး အာ ဟာရ ဓာတ်များ ပြည့်ဝရန် လိုကြောင်း ၊ ပြောကြားခဲ့ပါသည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာ နမှူး  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  နှင့်အဖွဲ့ဝင်များ ၊ မိခင်နှင့့်က လေး စောင့်ရှောက်ရေးအသင်းဝင်များ နှင့် တာဝန်ရှိသူများက အသက် ၆ လ မှ တစ်နှစ်ကြားရှိ ကလေးများအား  ဗီတာ မင်အေတိုက် ကျွေးခဲ့ကြပြီးကိုယ်ဝန် ဆောင်မိခင်များ နှင့် ကလေးများကို အားဆေးနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


    အဆိုပါ အခမ်းအနားသို့တက်ရောက် လာသူ များက ခင်းကျင်းပြသထားသော အာဟာရအုပ်စုများ ၊ ပို့စတာများအား လှည့် လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)