ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၆)ကျောင်းအား ယာယီပိတ်ထားရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း(၆)ကျောင်းအား ယာယီပိတ်ထားရ




MNP ၊  ဩဂုတ်  ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာ စာသင်ကျောင်း (၆) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ဩဂုတ် ၁၈ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာ ကျောင်းများမှာ သံကိုင်းကျေးရွာအုပ်စုရှိ သံကိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ သိမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ပေါက်ကုန်းကျေးရွာအုပ်စုရှိ ဇီးကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ကံလှကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကျွဲတိကျေးရွာအုပ်စုရှိ ကူကြီးကျေးရွာအခြေခံပညာ မူလတန်းကျောင်းတို့ဖြစ်ပြီး၊ ယင်းစာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည် အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာယီပိတ်ထားရသည့် စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ စာသင်ချိန် သင်ခန်းစာ နောက်မကျစေရေး ကျောင်းပြန်လည်ဖွင့်ချိန်တွင် စာသင်ရက်များ အစားထိုး၍ စနစ်တကျ  ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်ဌေးထံက သိရသည်။  


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)